Alpha Live Studio

TikTok LIVE · ကြည့်သူတွေ ကိုယ်တိုင် ကစားတဲ့ ဂိမ်း

အခမဲ့ စမ်းမယ်
TikTok LIVE Studio · OBS · ဖုန်း

ကြည့်သူတွေ ကိုယ်တိုင် ကစားလို့ရတဲ့ TikTok LIVE

ကြည့်သူ ဝင်လာတာနဲ့ ဂိမ်းထဲ ဝင်ကစားမယ်။ Comment၊ like၊ gift တွေနဲ့ မြင်းပြိုင်၊ လွန်ဆွဲ၊ ဉာဏ်စမ်း ကစားကြမယ်။ ဘုရားဖူး scene မှာတော့ gift ပို့ရင် ဘုရားရှေ့ သွားပြီး ပန်း၊ ဆီမီး၊ ဆွမ်း ပူဇော်ပြီး လှူသူ နာမည်တွေ ကုသိုလ်ရှင် စာရင်းမှာ ပေါ်မယ်။

  • Password မလို — TikTok username ပဲ ထည့်
  • Link တစ်ခု LIVE Studio ထဲ တစ်ခါပဲ ထည့်၊ ဂိမ်းပြောင်းတာ Dashboard ကနေ
  • တစ်ရက် 60 မိနစ် အခမဲ့
LIVE demoDemo ဖွင့်နေပါတယ်…

အောက်က ဂိမ်းတစ်ခုကို နှိပ်ရင် ဒီမှာ ပြောင်းပြမယ်

ဂိမ်းနဲ့ Scene များ

တစ်ခုကို နှိပ်ရင် အပေါ်က demo မှာ ပြောင်းကြည့်လို့ရတယ်။ Live နေတုန်း Dashboard ကနေ တစ်ချက်နှိပ်ပြီး ပြောင်းလို့ရတယ် — live မပြတ်ဘူး။

အသုံးပြုပုံ — 3 ဆင့်

ကွန်ပျူတာက TikTok LIVE Studio၊ OBS ဒါမှမဟုတ် ဖုန်းတစ်လုံးတည်းနဲ့ လွှင့်လို့ရတယ်။

  1. Dashboard ဝင်

    TikTok username ထည့်ပြီး အခမဲ့ စမ်းပါ၊ ဒါမှမဟုတ် ဝယ်ထားတဲ့ License key နဲ့ ဝင်ပါ။

  2. Link ကို ထည့်

    Dashboard က Overlay link ကို TikTok LIVE Studio (Add source → Link) ဒါမှမဟုတ် OBS Browser source ထဲ ထည့်ပါ။

  3. Go LIVE

    Live စလွှင့်တာနဲ့ အလိုလို ချိတ်မယ်။ ဝင်လာသူ၊ comment၊ like၊ gift အားလုံး ဖန်သားပြင်ပေါ် တန်းပေါ်မယ်။

ဘာတွေ ပါလဲ

ကြည့်သူတွေ ပိုကြာကြာ နေပြီး ပိုပါဝင်လာအောင် လုပ်ပေးတဲ့ အရာတွေ။

ဝင်လာသူ = ဇာတ်ကောင်

ကြည့်သူတိုင်း နာမည်နဲ့ profile ပုံပါတဲ့ ဇာတ်ကောင်အဖြစ် ဂိမ်းထဲ ဝင်လာမယ်။

Gift = အရေးကြီးတဲ့ လှုပ်ရှားမှု

ပန်း → ရေချမ်း → ဆီမီး → ဆွမ်း → ကန်တော့ပွဲ → ကြီးကျယ်ပွဲ။ ဂိမ်းထဲမှာတော့ ကိုယ့်အသင်းကို အားဖြည့်ပေးမယ်။

မြန်မာ အသံ

ဝင်လာသူကို နာမည်နဲ့ ကြိုဆို၊ comment ဖတ်ပေး၊ gift ပို့သူကို ကျေးဇူးတင်။ ဆဲစာ၊ link၊ ဖုန်းနံပါတ် မဖတ်။

ကုသိုလ်ရှင် / ထိပ်ဆုံး စာရင်း

ယနေ့ အလှူအများဆုံး 5 ယောက် — လူတွေ ပိုလှူချင်လာ။

ပန်းတိုင် bar

"ဆီမီးတစ်ထောင်" ပြည့်ရင် ခန်းမတစ်ခုလုံး အခမ်းအနား။

Like / Follow

Like 1,000 ပြည့်တိုင်း အခမ်းအနား၊ Follow လုပ်သူကို ကျေးဇူးတင်။

ဂိမ်းတိုင်း ကိုယ်ပိုင် BGM + Sound pad

ဂိမ်းနဲ့ ကိုက်တဲ့ နောက်ခံ သီချင်း၊ ရယ်သံ၊ လက်ခုပ်၊ မောင်း စတာတွေ Dashboard ကနေ တစ်ချက်နှိပ်။

နေ့ / ည

ဘုရား scene တွေမှာ နာရီအလိုက် နေ့ ညနေ ည အလိုလို ပြောင်း။

ဈေးနှုန်း

အရင် အခမဲ့ စမ်းကြည့်ပါ (တစ်ရက် 60 မိနစ်၊ watermark ပါ)။ ကြိုက်ရင် ဝယ်ပါ — ငွေလွှဲ screenshot တင်ရုံ၊ စစ်ပြီးတာနဲ့ key ရ။

မေးလေ့ရှိတာ

TikTok password ပေးရမလား?

မပေးရပါဘူး။ TikTok username ပဲ လိုပါတယ်။

ဖုန်းနဲ့ပဲ live လွှင့်လို့ရလား?

ရပါတယ်။ Mobile gaming (screen share) နဲ့ 16:9 link ကို ဖွင့်ပြီး လွှင့်ပါ။ အကောင်းဆုံးကတော့ ကွန်ပျူတာက TikTok LIVE Studio ပါ။

Live မလွှင့်တဲ့အချိန် အလုပ်လုပ်နေလား?

Overlay ဖွင့်ထားတဲ့အချိန်မှာပဲ server က သင့် live ကို နားထောင်ပါတယ်။

အခမဲ့ သုံးလို့ရလား?

ရပါတယ်။ Dashboard မှာ TikTok username ထည့်ရုံနဲ့ တစ်ရက် 60 မိနစ် အခမဲ့ သုံးလို့ရပါတယ် (watermark ပါ)။ ကြိုက်ရင် Pro ဝယ်ပါ။

Live နေတုန်း ဂိမ်း ပြောင်းလို့ရလား?

ရပါတယ်။ Dashboard ရဲ့ ဂိမ်း tab မှာ နှိပ်ရုံပါ — LIVE Studio ထဲ link ပြောင်းစရာ မလိုဘူး၊ live မပြတ်ဘူး။

ဒါသုံးရင် TikTok က ပိတ်နိုင်လား?

TikTok က tool တွေ သုံးခွင့် ပေးပါတယ်။ ပိတ်တတ်တာက လူမရှိဘဲ ဂိမ်းဖွင့်ထားတာ နဲ့ Gift ကို အလိုလို တောင်းတာ ပါ။ ကင်မရာ/အသံနဲ့ ကိုယ်တိုင် ရှိနေပြီး "TikTok လုံခြုံ mode" ဖွင့်ထားပါ။ ဘယ် tool မှ လုံးဝ မပိတ်ဘူးလို့ အာမ မခံနိုင်ပါဘူး — အသေးစိတ်

TikTok official လား?

မဟုတ်ပါ။ TikTok နဲ့ မသက်ဆိုင်ပါ။ ကြည့်သူတိုင်း မြင်ရတဲ့ public live (comment၊ like၊ gift) ကိုပဲ username နဲ့ ဖတ်ပြီး ပြတာပါ — သင့် account ကို login မဝင်ပါ။

Live ချိတ်ဆက်မှု ပြတ်သွားရင်?

ဂိမ်းက ဆက်ပြနေပြီး server က အလိုလို ပြန်ချိတ်ပါတယ်။

OBS / Streamlabs နဲ့ သုံးလို့ရလား?

ရပါတယ် — Browser source နဲ့ link တစ်ခုတည်း ထည့်ရုံပါ။ လမ်းညွှန်

Scene အသစ်တွေ ထပ်ထွက်မလား?

သင်္ကြန်မဏ္ဍပ်၊ ဆွမ်းလောင်း၊ လက်ဖက်ရည်ဆိုင် စတဲ့ scene တွေ ထပ်ထွက်ပါမယ်။